We, the people, of Myanmar's Net, are the internet-engineers, web designers and e-marketers, who are serving thousands of e-business entrepreneurs in 31 countries. Our valued clients varies... from movie directors in Hollywood to airlines, banks, tour operators in Myanmar, car dealers in Japan, and clinics in Australia. |
အခုနောက်ပိုင်း မိမိကိုယ်ပိုင်လုပ်ငန်းအတွက် google မှ အခမဲ့ပေးတဲ့ Gmail ကို သုံးမိတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ ပြဿနာများနဲ့ စတင်ကြုံတွေ့နေကြရပါပြီ။ အခမဲ့ဖြစ်တယ်၊ သုံးရတာလွယ်တယ်၊ ဒါပေမယ့် အဲဒီအခမဲ့ကို လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းအတွက် လုံးဝ (လုံးဝ) မသုံးသင့်တဲ့ ခိုင်မာတဲ့ အကြောင်းတွေရှိနေပါပြီ။
၁။ တရားဝင်လုပ်ငန်းအဖြစ် ယုံကြည်မှုပျက်ပြယ်ခြင်း။
အားလုံးသိကြတဲ့အတိုင်း အခမဲ့ Gmail ကို မည်သူမဆိုအလွယ်တကူ account ဖွင့်လို့ရနေပါတယ်။ အဲဒီလိုအလွယ်တကူ လူတိုင်းရတဲ့ Gmail ကို ကိုယ့်လုပ်ငန်းမှာ သုံးနေတယ်ဆိုရင် တစ်ဖက်လုပ်ငန်းရှင် သို့မဟုတ် ဖောက်သယ်တွေရဲ့ ယုံကြည်မှုလျော့ကျခြင်းနဲ့ လုပ်ငန်းရဲ့ ခိုင်မာမှု၊ တရားဝင်မှုတွေကို သံသယဖြစ်စေပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ အွန်လိုင်းကနေပြီး credit နဲ့ ငွေချေပြီးချိန်မှာ ဟိုတယ် Voucher ကို အခမဲ့ အီးမေးလ် သုံးပြီး ပြန်လည် ပေးပို့မိလို့ ဝယ်ယူသူမှ ဝယ်ယူထားမှုကို ချက်ခြင်းဖျက်သိမ်းပြီး refund ပြန်တောင်းကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ငွေကြေးကိစ္စတွေနဲ့ professional ကျကျ အလုပ်လုပ်နေရမယ့် အချိန်မှာ လူတိုင်းအလွယ်တစ်ကူရတဲ့ အခမဲ့ gmail ကို professional မကျ သုံးစွဲနေလို့ လုပ်ငန်းအပေါ် ယုံကြည်မှုပျက်သွားလို့ပါ။ တစ်ခါတစ်ရံမှာ internet ပေါ်မှာ ကိုယ့် လုပ်ငန်းကို ရှာတွေပြီး စိတ်ဝင်စားလို့ form mail ကနေတဆင့် ဆက်သွယ်လာပြီးခါမှ အခမဲ့ gmail နဲ့ အကြောင်းပြန်မိလို့ ဟိုဘက်က ထပ်မံမဆက်သွယ်တော့တာတွေ ဖြစ်လာကြပါပြီ။ စဉ်းစားကြည့်ပါ ငွေကြေးကိန်းဂဏန်းတွေနဲ့ အလုပ်လုပ်တော့မဲ့အချိန်မှာ ကိုယ်နဲ့အလုပ်လုပ်မဲ့သူက ဘာကြောင့် အလကားရတဲ့ gmail ကို သုံးရတာလဲ။ မပြောပလောက်တဲ့ ငွေ amount ကိုတောင် တွက်ကပ်နေတဲ့သူလား။ ဘယ်လိုလုပ်ငန်းရှင်မျိုးလဲ စသည်ဖြင့် တစ်ဖက်က တွေးထင်သွားကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ရဲ့လုပ်ငန်းအပေါ် ယုံကြည်မှုပျက်ပြယ်သွားလို့ဖြစ်ပါတယ်။
၂။ သင့်လုပ်ငန်းနာမည်၊ အမှတ်တံဆိပ်တွေကို အားနည်းစေတယ်။
လုပ်ငန်းရှင်တိုင်းနီးပါးဟာ ကိုယ်တည်ထောင်ထားတဲ့ လုပ်ငန်း၊ ထုတ်ကုန်တွေကို လူသိများဖို့လည်း လုပ်ဆောင်ကြရပါသေးတယ်။ ပုံမှန်အားဖြင့် လုပ်ငန်းရှင်တွေဟာ အခြားသော business partner အသစ်တစ်ယောက်နဲ့ စတင်မိတ်ဆက်ပြီး မိမိလုပ်ငန်းအကြောင်းရှင်းပြထားတဲ့ website address နဲ့ email address ကို ပေးလေ့ရှိပါတယ်။ website address ဟာ ကိုယ့်လုပ်ငန်းနဲ့ ဆက်နွယ်တဲ့ နာမည်ဖြစ်သင့်သလို email ဟာလည်း လုပ်ငန်းနာမည်နဲ့ဖြစ်သင့်ပါတယ်။ ဒါမှသာ သူနဲ့ ကိုယ်နဲ့ဆက်သွယ်တိုင်း email address ရိုက်တိုင်း ကိုယ့်လုပ်ငန်းနာမည်ကို သိသွားစေပါတယ်။ အခမဲ့ gmail ကို သုံးရင်တော့ goole ကိုပဲသိသွားပြီး google ကိုပဲ Promotion လုပ်ပေးသလိုဖြစ်သွားပါလိမ့်မယ်။
၃။ သင့်လုပ်ငန်းနဲ့ သင်ကိုယ်တိုင် hacker များရဲ့ ပစ်မှတ်ဖြစ်စေခြင်း။
Hacker အများစုဟာ အခမဲ့ အီးမေးလ် (gmail, yahoo mail) သုံးစွဲသူတွေရဲ့ mail တွေကို hack ဖို့ အချိန်တော်တော်များများ သုံးစွဲလာကြပါတယ်။ အခမဲ့ သုံးစွဲတဲ့ email တွေဟာ သုံးစွဲသူရဲ့ အားနည်းချက်ပေါ်မူတည်ပြီး hack လုပ်ရတာ အလွန်လွယ်ကူလို့လည်းဖြစ်ပါတယ်။ လုပ်ငန်းသုံး အခမဲ့ email ကို hacker တစ်ယောက်က အောင်မြင်စွာ ယူဆောင်သွားပြီဆိုတာနဲ့ ပြန်ရဖို့ရာ တော်တော် ခဲယဉ်းပါတယ်။ အဲဒီ ကမှတဆင့် ကိုယ့်ဖောက်သည်တွေအကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ကိုယ်ရေးကိုယ်တာ အကြောင်း၊ Bank information ၊ credit card information တွေ သိရှိသွားပြီး ကိုယ်ကျိုးနည်းကုန်ကြတဲ့ လုပ်ငန်းရှင်တွေလည်း ကမ္ဘာမှာ ဒုနဲဒေးပါပဲ။ အဲဒါကြောင့် နောက်ပိုင်းမှာ ကိုယ့် business partner တွေကို ကိုယ်ကငွေတောင်းတဲ့ပုံစံမျိုးနဲ့ invoice ပို့ပြီး ငွေတောင်းတာတို့၊ ကိုယ်ကပြောတဲ့ပုံစံနဲ့ wrong information တွေပို့တာတို့ စသည်ဖြင့် ဆက်ပြီး လုပ်ဆောင်ကြပါတယ်။ လုပ်ငန်းကြီးရင်ကြီးသလို ဆုံးရှုံးမှုပိုများပါတယ်။
(၁)သင့်လုပ်ငန်းအတွက် အကျိုးအရှိဆုံးဖြစ်စေမယ့် world-class tech firm ဖြစ်ပါတယ်။ (၂)အကောင်းဆုံး မြန်မာ့ National ICT Award ၂ ကြိမ်နဲ့ အမျိုးမျိုး ရခဲ့ဖူးတဲ့ ထူးချွန်တဲ့ developer team ဖြစ်ပါတယ်။ (၃)CNN, BBC, Yahoo တို့ကတောင် Myanmars.Net ကို refer လုပ်၊ recommend လုပ်ကြတဲ့အပြင်၊ ကမ္ဘာကျော် New York Times သတင်းစာ မှာတောင် ပါခဲ့ဖူးပါတယ်။ (၄)လူကြီးမင်းတို့ရဲ့ web designer/ developer အနေနဲ့တင် မဟုတ်ပဲ လူကြီးမင်းလုပ်ငန်းရဲ့ e-business partner အဖြစ် consultant အဖြစ် ရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။ (၅)မြန်မာနိုင်ငံမှာ internet မရခင် ကတည်းက နိုင်ငံခြားကနေ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် web site တွေတည်ဆောက်ပေးခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ (၆)တည်ဆောက်ခဲ့တဲ့ web site တွေရဲ့ အောင်မြင်မှုသမိုင်းက သက်သေထင်ရှား ရှိနေပါတယ်။ (See brochures)