FAQ ဆိုသည်မှာ frequently asked questions (အမေးများသော မေးခွန်းများ) ဟု ဆိုလိုပါသည်။ မကြာခဏ မေးလေ့ ရှိသော မေးခွန်းများကို စုစည်း၍ ဤကဏ္ဍတွင် ဖတ်ရှု သိရှိနိင်ရန် တင်ပြထားပါသည်။ သင်မေးလိုသည်များ မရှိပါက ဤစာမျက်နှာတွင် တိုက်ရိုက် မေးမြန်းနိုင်ပါသည်။
မတ်လ ၇ရက် ၂၀၁၉ခုနှစ်မှာ Google က စမ်းသပ်နေတဲ့ Gmail Confidential Mode အကြောင်းကို ကြေညာခဲ့ပါတယ်။ အခုလာမယ့် ဇွန်လ၂၅ရက် ၂၀၁၉ခုနှစ်မှာတော့ အဲ့ဒီ Gmail Confidential Mode လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပြီး ဖြစ်ကြောင်း လူကြီးမင်းတို့သိရှိအောင် ရေးသားလိုက်ရပါတယ်။ ကျွန်တော်တို့ Myanmars.NET ကနေပြီးဒီသတင်းအချက်အလက်ကို ကြိုတင်ပြီး မျှဝေနေပါတယ်။ ဒါကြောင့် G Suite အသုံးပြုသူတွေအနေဖြင့် ကြိုတင်သိရှိနိုင်ဖို့ ဖြစ်ပါတယ်။
Confidential Mode သုံးပြီး email တွေပို့တဲ့အခါ Confidential Mode သုံးထားမယ်ဆိုရင် ပို့လိုက်တဲ့ mail တွေကို လက်ခံရရှိသူအနေနဲ့ forward လုပ်တာတွေ၊ copy ကူးတာတွေ၊ print ထုတ်တာတွေ နဲ့ download တာတွေကို လုပ်လို့ ရမှာမဟုတ်တော့ဘူး။ ပို့လိုက်တဲ့ email ကိုလည်း တစ်ဖက်လူက လက်ခံပြီးတာနဲ့ တစ် ရက်အတွင်း auto ဖျက်၊ နှစ်ရက် သို့ မဟုတ် ၁ လအတွင်း auto ဖျက် စသည်ဖြင့် ကြိုတင် setting ထားပြီး ပို့လို့ရပါမယ်။
တစ်ခါတစ်လေမှာ အရေးကြီးတဲ့ အချက်အလက်တွေ ဥပမာ password, credit card information စသည်ဖြင့် တစ်ဖက်လူကို အရေးပေါ် email ပို့ရေးရတာတွေ ရှိတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ confidential mode ကို သုံးပြီ ပို့မယ်ဆိုရင် တစ်ဖက်လူရဲ့ email inbox ထဲကို link တစ်ခုတည်းသာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ လက်ခံရရှိသူက အဲဒီ link ကို ကလစ်ခေါက်ပြီး ကြည့်မှသာ information တွေကို မြင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ email ကိုလည်း forward, copy, print, download တွေကို လုပ်လို့ရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် SMS Verification ကုတ်ကို confidential mode ထဲမှာ သုံးထားမယ်ဆိုရင် email လက်ခံရရှိသူ၏ phone ထဲသို့ verification ကုတ် ကို google မှ ပို့ပေးမှာဖြစ်ပြီး အဲဒီပို့လိုက်တဲ့ code ကို ရိုက်ထည့်မှသာ confidential email ကို ဖတ်လို့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ SMS Verification ကို မြန်မာပြည်အတွက်တော့ အလုပ်မလုပ်သေးပါ။ အချို့နိုင်ငံတွေအတွက်တော့ စတင် စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အခုလောလောဆယ်တော့စမ်းသပ်ကာလဖြစ်ပါတယ်။ သို့သော်လည်း ဇွန်လ ၂၅ရက် ၂၀၁၉ခုနှစ်မှာ နောက်ပိုင်းမှာ auto enable ဖြစ်သွားမှာ ဖြစ်ပါတယ်။
အကယ်၍ လူကြီးမင်းအနေနဲ့ မေးခွန်းနဲ့ အကူအညီတွေလိုအပ်ရင် ကျေးဇူးပြုပြီး Google Support ကိုဆက်သွယ်ပေးပါ။ လူကြီးမင်းရဲ့ အခက်အခဲတွေကို တင်ပြတဲ့အခါ 113130548 ကို ခေါ်ဆိုနိုင်ပါတယ်။
Sincerely,
The G Suite Team & Myanmars NET Team
Google Analytic ဆိုတာဘာလဲ။
ကိုယ်ပိုင် website တစ်ခုရှိထားပြီဆိုရင်တော့ google analytic ကို အခြေခံသဘောတရားတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ website ကို လူလာကြည့်နှုန်း၊ ဘယ်နိုင်ငံ ဘယ်ဒေသကလူတွေလာကြည့်လဲ၊ ဘယ်လောက်ကြာအောင်ကြည့်လဲ၊ ဘယ်စာမျက်နှာ ကို လူကြည့်အများဆုံးလဲ စသည့်ဖြင့် အချက်အလက်များစွာကို ကိန်းဂဏန်းများ ဂရပ်များဖြင့် ပြသပေးမှာဖြစ်ပါတယ်။
ဝင်ရောက်ကြည့်ရှုရမဲ့ URL ကတော့ https://analytics.google.com ဖြစ်ပါတယ်။ မိမိ Gmail အကောင့် ဒါမဟုတ် GSuite အကောင့်ဖြင့် ဝင်ကြည့်ရပါမယ်။
ဝင်ဝင်ခြင်း ဘယ်ဘက်ထောင့်မှာ တွေ့ရတဲ့ link တွေကတော့ အရေးအကြီးဆုံး link တွေဖြစ်ပါတယ်။ အဲဒါတွေကတော့ Real- Time, Audience, Acquisition, Behavior နဲ့ Conversion တို့ဖြစ်ပါတယ်။ သူတို့ကို click လုပ်လိုက်ရင်တော့ သက်ဆိုင်ရာ link တွေ ထပ်ကျလာမှာဖြစ်ပါတယ်။ မတူညီတဲ့ data report ပုံစံတွေကို link တွေကို ကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်။
Real-Time ကတော့ အခုချက်ခြင်း website ကို လူဘယ်လောက်ကြည့်နေလဲဆိုတာ live ပြပေးတာပါ။ ဘယ်နိုင်ငံဘယ်ဒေသကနေ ကြည့်နေလဲဆိုတာကိုပါ သိလို့ရပါတယ်။ ပြီးတော့ ဘယ်စာမျက်နှာကို ဖတ်နေလဲဆိုတာလည်း သိနိုင်ပါတယ်။
နောက်တစ်ခု ကတော့ Audience ပါဘဲ။ Google analytic ရဲ့အရေးအကြီးဆုံး link လို့ပြောရမှာပါ။
ပုံမှာပြထားတဲ့အတိုင်း graph နဲ့ပြထားတာဖြစ်ပါတယ်။ ရက်အလိုက်ကြည့်ချင်လား၊ လအလိုက်လား၊ နှစ်အလိုက်လား ကိုယ့်ဘာသာကို ရွေးချယ်ပြီးကြည့်နိုင်ပါတယ်။
Sessions ဆိုတာကတော့ လာကြည့်သူအရေအတွက်ကို ပြောတာမဟုတ်ပါဘူး။ လာကြည့်သူတစ်ဦးက သင့် website ကို အကြိမ်ရေဘယ်လောက်ကြည့်သလဲဆိုတာကို ရည်ညွှန်းပါတယ်။
Users ဆိုတာကတော့ သင့် website ကို လူဘယ်နှစ်ယောက်ဝင်ကြည့် သွားခဲ့ သလဲဆိုတာကို ရည်ညွှန်းပါတယ်။ လူတစ်ယောက်က သင့် website ကို အကြိမ်ပေါင်းများစွာ ဝင်ကြည့်သော်လည်း ကြည့်ရှုသူ ၁ ယောက်အဖြစ်သာ သတ်မှတ်ပါတယ်။
Pageviews ဆိုတာကတော့ လူတွေကြည့်သွားတဲ့ webpage စုစုပေါင်းကို ဖော်ပြပေးတာဖြစ်ပါတယ်။ လာကြည့်သူဟာ တစ်ယောက်တည်းဖြစ်ပေမယ့် webpage ပေါင်း ၁၀ မျက်နှာ ကြည့်သွားတယ်ဆိုရင် 10 Pageviews အဖြစ် သတ်မှတ်ပါတယ်။
Pages/Session ဆိုတာကတော့ 1 Session အတွင်းမှာကြည့်ရှုသွားတဲ့ webpage စာမျက်နှာ ပျမ်းမျှ စုစုပေါင်းကို ကိုယ်စားပြုပါတယ်။ ပုံမှန်အားဖြင့် မိနစ် ၃၀ ကို 1 session အဖြစ်သတ်မှတ်ပါတယ်။
Average Session Duration ဆိုတာကတော့ 1 session တိုင်းမှာ လာကြည့်သူတစ်ယောက်ချင်းစီက အသုံးပြုသွားတဲ့ ပျမ်းမျှကြာချိန် ဖြစ်ပါတယ်။
Bounce Rate ဆိုတာကတော့ 1 webpage/စာမျက်နှာ တစ်မျက်နှာကိုပဲကြည့်ပြီး website ကို ပိတ်ပစ်လိုက်တဲ့ သူတွေရဲ့ ရာခိုင်နှုန်းကို ပြထားခြင်းဖြစ်ပါတယ်။ ကမ္ဘာမှာတော့ 40 % နဲ့ 60 % ကြားမှာ ရှိနေရင်ကို အတော်လေး အခြေနေကောင်းတယ်လို့ သတ်မှတ်ထားပါတယ်။ webpage ကို ရောက်လာသူလိုချင်တဲ့ information မရှိလို့ ပြန်ထွက်သွားကြတာများပါတယ်။
မပြင်ပေးပါဘူး။
09-449-300-900 |
|
+95-9-449-300-900 |
|
This email address is being protected from spambots. You need JavaScript enabled to view it. | |
3/1 MICT Park, Hlaing, Yangon |