Software

Win Myanmar 5

Win Myanmar  5

ဒီစနစ်နဲ့ တစ်ပုံစံတည်း တူတဲ့ မြန်မာစာ စနစ်ကို Microsoft Windows 8 နဲ့ ပန်းသီး ကွန်ပျူတာ တွေမှာ ပါလာပါပြီ။ ကမ္ဘာသုံး ယူနီကုဒ်စံ ISO-10646 နဲ့ ကိုက်ညီတဲ့ မြန်မာစာ စနစ်ဖြစ်ပါတယ်။ Myanmar3, Parabaik, Padauk, MyMyanmar စတဲ့ ယူနီကုဒ်စံသုံး မြန်မာစာစနစ်တွေနဲ့လည်း အလဲအလှယ် ကောင်းကောင်း သုံးနိုင်ပါတယ်။ ကမ္ဘာသုံးစံစနစ်အတိုင်း ပြုလုပ် ထားသည်။ ဒါသုံးရင် ဖွန့်မရှိလို့ အခြား စက်မှာ မြန်မာလို မပေါ်တာမျိုးတွေ မရှိနိုင်တော့ပါဘူး။ ယူနီကုဒ်ဆိုတာ ကွန်ပျူတာမှာ မြန်မာဘာသာနဲ့ တွက်ချက် data-processing လုပ်နိုင်တဲ့ တစ်ခုတည်းသော စနစ် ဖြစ်ပါတယ်။ လူတိုင်း အဆင်ပြေဘို့ လူသုံးအများဆုံး လက်ကွက် ၃ မျိုးလုံ ထည့်ထားပါတယ်။ ကြိုက်တာ သုံးနိုင်ပါတယ်။


လက်ကွက်ပုံစံ-၁။ ဝင်း / ဇော်ဂျီ လက်ကွက်+ အရင်လာ အရင်ရိုက်နည်း
လက်ကွက်ပုံစံ-၂။ ဝင်း / ဇော်ဂျီ လက်ကွက်+ စာလုံးပေါင်း ရိုက်နည်း
လက်ကွက်ပုံစံ-၃။ ယူနီကုဒ် လက်ကွက်+ စာလုံးပေါင်း ရိုက်နည်း

Win Innwa 5

Win Innwa 5

ဝင်းဒိုးစ်နဲ့ မက် မှာ ပါလာတဲ့ ကမ္ဘာသုံး ယူနီကုဒ်စံညီတဲ့ မြန်မာစာ စနစ် ဖြစ်ပါတယ်။ စာလုံးပုံစံ ၁ ခုဘဲပါပြီး၊ အောက်ကအင်တာနက်လိပ်စာမှာ အခမဲ့ ရယူနိုင်ပါတယ်။ 

Win Innwa 4

Win Innwa 4

၁၉၉၂ ခုနှစ်မှာ 1st version ထွက်ခဲ့တဲ့ လူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်ပါတယ်။ စာလုံးပုံစံ ၁ ခုဘဲပါပြီး၊ အောက်ကအင်တာနက်လိပ်စာမှာ အခမဲ့ ရယူနိုင်ပါတယ်။

Win Myanmar 4

Win Myanmar 4

ဒီစီဒီကိုသုံးရင် မြန်မာစာတတ်ရုံနဲ့ ကွန်ပျူတာကို သုံးနိုင်မယ်။ Microsoft Word နဲ့ Excel မှာ မြန်မာစာ menu တွေ မြင်ရမယ်။ မြန်မာလိုဖတ်ပြီး ကိုယ့်ဖာသာ သုံးနိုင် သွားမယ်။ မိမိဖာသာ လေ့ကျင့်သင်နိုင်မယ့် မြန်မာစာ ရိုက်နည်းပါ ပါတယ်။ ထူးခြား တဲ့ စာလုံးပုံစံ ၈ဝ ကျော် ပါတယ်။ အခြားစနစ်တွေနဲ့ ရိုက်ထားတဲ့ မြန်မာစာတွေကို ပြန်ရိုက်နေစရာ မလိုစေဘဲ ပြောင်းပေးတဲ့ converter ထည့်ထားပါတယ်။ ကနုတ်ပန်း ခက်တွေ ဆွဲပြီးသားပါတဲ့ Win Wingdings font, ပြည်နယ်တိုင်း မြေပုံတွေ ဆွဲစရာ မလိုဘဲ တန်းထွက်တဲ့ မြေပုံဖွန့်၊ ကာတွန်းပုံ လေးတွေ ထွက်တဲ့ ကာတွန်းဖွန့်၊ Myanmar Times အပါအဝင် ဂျာနယ်တွေ အားလုံးနီးပါး ပုံနှိပ်တဲ့အခါ ယခုထက်ထိ သုံးနေကြတဲ့ မြန်မာစာ စနစ် ဖြစ်ပါတယ်။

payment-options myanmar e-commerce

S5 Box

ကက က္က