Online Shopping / e-Commerce လုပ်မလား။ Export ပါလုပ်မလား။

e-commerce in Myanmar

 

မြန်မာနက် ဆိုတဲ့ သင့်ရဲ့ e-business partner က စောင့်ကြို နေပါတယ်။

 

ကူညီပါရစေဗျာ။  ၂၄ နာရီလုံးလုံး ဝန်ထမ်းမပါဘဲ Amazon လို၊ Alibaba လို automatic ပစ္စည်းတွေ ရောင်းပြီး တဂွမ်းဂွမ်း ငွေဝင်နေတဲ့ online store မျိုးတွေ ဖြစ်ချင်တယ် မဟုတ်လား။ ငွေတောင် ထိုင်ယူနေစရာ မလိုဘူးနော်။ အကောင့်ထဲ တိုက်ရိုက် ချက်ချင်းရောက်ရောက် လာတာ။ online shopping ရောင်းတဲ့လူ အနေနဲ့ ရောင်းကုန်တွေကိုပဲ အမှားမရှိ ပို့ဖြစ်အောင် လုပ်နိုင်ဘို့လိုတယ်။ ဒါကို sales automation လို့ ခေါ်ပါတယ်။

 

ဒီလို online store တွေ ကျွန်တော်တို့ ဆောက်ထားပေးတာတွေ မနဲတော့ပါဘူး။ "မြန်မာပြည်တွင်းက ဘဏ်အကောင့်" ထဲကို "မြန်မာပြည်တွင်းက တရားဝင် payment gateway" နဲ့ creditcard, debit card တွေနဲ့ ပေးသမျှ Kyat, US$ တွေကို အကိုတို့၊ အမတို့ နာမည်နဲ့ အကောင့်ထဲ တန်းရောက်လာအောင် လုပ်ပေးပါပြီ။

 

တစ်ယောက် တစ်ယောက်စီ လာမေးတိုင်း၊ တစ်ယောက်ချင်းစီ ပြန်ဖြေပေးနေရတဲ့ online shopping သမားတွေရဲ့ အခက်အခက်အခဲကို ဖြေရှင်းပေးချင်လွန်းလို့ပါ။ ဒါကို AI လို့ အတိုခေါ်တဲ့ artificial intelligence engine တွေ သုံးပြီး၊ chat bot (chat robot) တွေက ဖြေကြားပေးသွားမှာပါ။ မေးချင်တာမေး။ free consultaton ပေးပါတယ်။ မေးမြန်း ဆွေးနွေးတိုင်ပင်တာ အခမဲ့ပါ။

icon-myanmarnet မြန်မာနက်ကို ဆက်သွယ်လိုက်ပါ။

 

 

 

export from Myanmar

 

Export ပါ လုပ်မှာလား?

 

borderless-economy ဖြစ်နေတဲ့ အခုခေတ်ကြီးမှာ online တင်ရောင်းနိုင်ပြီ ဆိုမှတော့၊ နိုင်ငံခြားထိ ပို့ပေးနိုင်တယ်ဆိုတဲ့ logistics ကွက်လပ်လေးကို ဖြည့်လိုက်ရင် နိုင်ငံတကာ လုပ်ငန်းတစ်ခု ဖြစ်သွားပြီ။ exporter ကြီး ဖြစ်ပြီ။ ကိုယ့်တိုင်းပြည်အတွက် နိုင်ငံခြားငွေ ရှာပေးနိုင်သူလည်း ဖြစ်ပြီလေ။ မဖြစ်ချင်ဘူးလား? ဂုဏ်ယူစွာနဲ့ ဖြစ်ကြည့်လိုက်စမ်းပါ။

e-commerce online store ဆောက်ပြီး၊ export လုပ်ကြည့်လိုက်ပါ။ အကိုအမတို့ရှေ့မှာ ဒီလမ်း လျှောက်သွားတဲ့ သူတွေ အများကြီး ရှိတယ်။ အစပိုင်း လမ်းဖောက်ခါက ခက်ခဲမယ်။ နောင် ဖြောင့်ဖြူးသွားရင် တစ်နှစ် ဒေါ်လာ သိန်းဂဏန်းတောင် ရနိုင်ပါတယ်၊ ဒါဆို ပျော်စရာ ကောင်းမှာပါ။မြန်မာနက်က အိပ်မက်လေး အကောင်အထည်ပေါ်ဘို့ ကူညီပါရစေ။ 

icon-myanmarnet မြန်မာနက်ကို ဆက်သွယ်လိုက်ပါ။ 

 

 

E-Comerce ဆိုတာ-

အချို့က e-commerce ဆိုတာ ဘယ်လို လုပ်ငန်းတွေ ပါတယ်/မပါဘူး အငြင်းပွား နေတတ်ကြတုန်းပါ။ e-Commerce ဆိုတာမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO (World Trade Organization) က အဓိပ္ပါယ် ဖွင့်ဆိုထားပုံလေး စိတ်ဝင်စားရင် ဖတ်ကြည့်လိုက်ပါ....
အီလက်ထရောနစ် နည်းလမ်းများကို အသုံးပြုပြီး ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကွက် ချဲ့ထွင်ခြင်း၊ ရောင်းချခြင်း၊ ပေးပို့ခြင်း၊ ဝန်ဆောင်မှုပေးခြင်း စတာတွေ အားလုံးကို e-commerce လို့ ခြုံငုံခေါ်ဝေါ်ကြောင်း အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။


"Electronic commerce, or e-commerce, is defined as the "production, distribution, marketing, sale or delivery of goods and services by electronic means". An e‑commerce transaction can be between enterprises, households, individuals, governments and other public or private organizations."
    

  

F-Commerce ဆိုတာ-

အချို့က F-Commerce လို့လည်း တင်စား ခေါ်ကြတဲ့  social marketing တစ်မျိုးဖြစ်တဲ့ Facebook marketing ကမြန်မာနိုင်ငံ အတွင်းမှာ အတော်လေး ထိရောက်ပါတယ်။ 

icon-myanmarnet မြန်မာနက်ကို ဆက်သွယ်လိုက်ပါ။ 

 

 

 

about-myanmar-net

 

 

မြန်မာနက်  ဆိုတာ-

၁၉၉၈ ခုနှစ်ကတည်းက www.myanmars.net  ဆိုတဲ့ Myanmar travel and business web portal နဲ့ မြန်မာနိုင်ငံမှာ အင်တာနက် မရခင်ကတည်းက နိုင်ငံခြား ကုမ္ပဏီတွေ၊ မြန်မာ ကုမ္ပဏီတွေကို internet marketing, digital marketing, online marketing အမျိုးစုံ လုပ်ပေးခဲ့တဲ့ လုပ်ငန်းပါ။ မြန်မာ လုပ်ငန်းရှင်တွေကို အင်တာနက်ပေါ်က တစ်ဆင့် အလုပ်တွေ ဝင်ငွေတွေ အများကြီး ရအောင် လုပ်ပေးခဲ့လို့ နာမည်ကြီးတာ မြန်မာနက်ပါ။

ရုပ်ရှင်အကယ်ဒမီဆုလို ပြည်ထောင်စုအဆင့် "အကောင်းဆုံး အမျိုးသား အိုင်စီတီဆု" ကို ၂ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ အခြား ဆုပေါင်း များစွာလည်း ရရှိခဲ့သလို၊ ပြည်တွင်း ပြည်ပ သတင်းဌာနများတွင်လည်း မြန်မာနက် အကြောင်းကို အကြိမ်ကြိမ် ရေးသား ဖော်ပြခံခဲ့ရတဲ့ သာဓကလည်း များစွာ ရှိပါတယ်။ ကမ္ဘာ့ အကြီးဆုံးသတင်းစာကြီး တစ်စောင်ဖြစ်တဲ့ New York Times သတင်းစာ မှာ မြန်မာနက် အကြောင်း သတင်းဖော်ပြခဲ့တာတွေ၊ CNN, BBC သတင်းဌာန web site ကနေ မြန်မာနက်ကို recommended link လုပ်ခဲ့တာတွေဟာလည်း မြန်မာနက်ရဲ့ ကမ္ဘာသိ အောင်မြင်မှုကို ပြသတဲ့ သာဓကများ ဖြစ်ပါတယ်။

လုပ်ငန်း တည်ထောက်ပြီး နှစ် ၂၀ ကျော် အကြာမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံက လုပ်ငန်းရှင်ပေါင်း ၂၀၀၀ ခန့်ကို ဝန်ဆောင်မှု ပေးနေပါတယ်။ IT project တွေ ထောင်နဲ့ချီပြီး လုပ်ခဲ့တဲ့ အတွေ့အကြုံက သင့်အတွက် အမှားကင်းစေတဲ့ လမ်းကြောင်းပေါ်ကို ခေါ်ဆောင်ပေးသွားတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ၁၀ စုနှစ်နဲ့ချီပြီး လက်တွဲခဲ့တဲ့ ဖောက်သည်များ၊ အတွေ့အကြုံရင့်တဲ့ မန်နေဂျာများ၊ လုပ်ငန်းရှင်များက သက်သေ ရှိပါတယ်။ မြန်မာနက်ဟာ အိုင်တီလုပ်ငန်းအပြင် အခြား လုပ်ငန်းခွဲလည်း မလုပ်တဲ့အတွက် လူကြီးမင်းလုပ်ငန်းရဲ့ အတွင်းရေး information security အတွက်လည်း ရင်အေးပြီး စိတ်ချရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

 

 

ဆက်သွယ်ရန်-

myanmarsnet 150x100
 

icon-address 3/1 MICT Park, Hlaing, Yangon
icon-phone09-449-300-900
icon-viber +95-9-449-300-900
icon-messenger https://m.me/myanmars.net
icon-www
 https://services.myanmars.net
icon-email  This email address is being protected from spambots. You need JavaScript enabled to view it.


 

payment-options myanmar e-commerce

S5 Box

ကက က္က